Events
IRANEXPO 2025 (7th Edition) ကျင်းပမည်
Updated At: 2025-02-28 10:48:02
အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ IRANEXPO 2025 (7th Edition) ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းပြပွဲတွင် ခေတ်မီဆန်းသစ်မှုများ ရှာဖွေရန်၊ စက်မှုခေါင်းဆောင်များအကြား ချိတ်ဆက်မှုနှင့် ကမ္ဘာတစ်ဝှမ်းမှ ကွဲပြားသောယဉ်ကျေးမှုများ လေ့လာရန်တို့အတွက် ထူးခြားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ရာ ပါဝင်တက်ရောက်သူများအတွက် ၄ ညအိပ် ၅ ရက်စာ တည်းခိုနေထိုင်ရေး၊ စားသောက်စရိတ်၊ မြို့တွင်းသွားလာရေးနှင့် စကားပြန် ဝန်ဆောင်မှုများကို အီရန်ဘက်မှ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အဆိုပါ IRANEXPO 2025 (7th Edition) ပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် http://www.iranexpo.co/2025/vr တွင် လျှောက်ထားနိုင်ပြီး အသေးစိတ် သိရှိလိုသည်များအား WhatsApp No. +66 646 411 089 သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
BRICS 2025 Global Agriculture Exhibition and Forum ကျင်းပပြုလုပ်မည်
Date: 5th to 7th May, 2025
Malaysia Gold & Jewellery Trade Exhibition (MGJTE) 2025 ပြပွဲ ကျင်းပမည်
Date: 9th to 11th May, 2025
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Date: 16th to 21th April, 2025